Main menu

အောက်တိုဘာလတတိယပတ်ရှိပဲစင်းငုံစျေး

Powered by Drupal

          ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ရက်နေ့အထိ ၂၀၂၄-၂၀၂၅ခုနှစ်ပဲစင်းငုံသီးနှံစိုက်ပျိုးမှု (၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း (၃၁၁၀၀၇)ဧက၊ အထွက် နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)(သစ်)၂၃၇၀၀၀ ကျပ်နှင့် ၂၃၈၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၃၉၅၀ကျပ်နှင့် ၃၉၆၇ ကျပ်တို့ဖြစ် ကြောင်းသိရှိရ ပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၄၆၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ် စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါကပဲစင်းငုံ(နီ)သီးနှံပေါက်စျေးမှာလျော့နည်းသွားကြောင်းတွေ့ရှိရပါသည်။

DOCA(မန္တလေး)