Main menu

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းအခြေအနေ

Powered by Drupal

                မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သော “ဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခ” အရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။

      ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၂၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၂၀၀၀၀) ဖြစ်ပြီး (ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ တစ် အိတ်လျှင် ကျပ်(၂၀၀၀၀)ဖြစ်၍ ပထမပတ်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင်ကျပ် (၁၀၀၀)ခန့် ကျဆင်းနေပြီး ပခုက္ကူမှအခြားပြည်နယ်များသို့ လည်းတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)