Main menu

ပခုက္ကူမြို့တွင် သကြားပြောင်းဖူးဈေး အနည်းငယ်ကျလျက်ရှိ.

Powered by Drupal

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီ အလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်း သီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်း ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် သကြား ပြောင်းဖူး  ဈေးအနည်းကျဆင်း အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။

          သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ(စတုတ္ထပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၃၀၀-၄၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀-၄၀၀)၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၆၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ ယခင် အောက်တိုဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူးဈေး အနည်းငယ်ကျ နေ၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ပြောင်းဖူး များ၊ ညောင်ဦး မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အား ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ် မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက် ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှု များကြောင်း သိရှိရသည်။

DOCA(မကွေး)