
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီ တိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ လည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် အများစားသုံးဆန်မှာ ဧရာပဒေသာ၊ မနော သုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀ -၈၂၀၀၀) ၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၈၂၀၀၀)၊ ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၈၄၀၀၀)၊ ဇီယာ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀)၊ ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၈၂၀၀၀)၊ သီးထပ် တစ်အိတ် လျှင် ကျပ်(၈၃၀၀၀)၊ ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ်(၇၅၀၀၀ - ၈၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာ(ရှယ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဧရာမင်း ဆန်တစ် အိတ်လျှင် ကျပ်(၇၈၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဈေးနှုန်းဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက် သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေး ကောင်းမွန်ပြီး (စတုတ္ထပတ်)တွင် တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာလည်း တစ်အိတ်လျှင် ကျပ်(၁၃၇၀၀၀)ဖြင့် အောက်တိုဘာလ (ပထမပတ် မှ စတုတ္ထပတ်)ထိ ဈေးနှုန်း တည်ငြိမ်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
ဆန်စီးဝင်မှုအနေဖြင့် အောက်တိုဘာလ (ပထမပတ် မှ စတုတ္ထပတ်)ထိ ရေကြောင်း လမ်းမှ ဆန်မျိုးစုံ အိတ်(၂၀၀၀၀)၊ စစ်ကိုင်း၊ ရွှေဘိုမှ ကုန်းကြောင်းလမ်းမှ အိတ်(၈၀၀၀)၊ စလင်း ဆင်ဖြူ ကျွန်းဘက်မှ အိတ်(၅၇၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
