
ကြာသပတေးနေ့တွင် ဘူလ်ဂေးရီးယားနှင့် ဗီယက်နမ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ခြင်းဆိုင်ရာ ပူးတွဲကြေငြာချက်ကို လက်ခံခဲ့သည်။ ဘူလ်ဂေးရီးယားသမ္မတ Rumen Radev နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam တို့ နှစ်ဖက်တွေ့ဆုံမှုအပြီးတွင် အဆိုပါကြေညာ ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နှစ်နိုင်ငံသည် ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တုနှင့် နည်းပညာမြင့် ထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု Radev က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးတွဲကြေညာချက်သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်နိုင်ငံပြည်သူများအကြား နက်ရှိုင်းသော ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း To Lam က ပြောကြားခဲ့ကြောင်း သိရသည်။
ဘူဂေးရီးယားသမ္မတ၏သတင်းထုတ်ပြန်ချက်အရ To Lam ၏ခရီးစဉ်သည် ဗီယက်နမ် ခေါင်းဆောင်၏ဥရောပခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးများနှင့် စီးပွားရေးကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
