
ပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။ ပန်းတိမ်ငိုပန်းများမှာ အဖြူရောင်၊ ဆင်စွယ်ရောင်၊ ခရမ်းရောင်နှင့် မရမ်း ရောင်အစီးများ တွေ့ရှိရပြီး၊ ဆင်စွယ်ရောင်ပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း သိရှိရပါ သည်။ ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်လက်လီစျေးနှုန်းများမှာ ပန်းတိမ် ပန်း(၁၀ခက်ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး) ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ ပန်းအခက်အကြီးအသေးအပေါ်မူတည်၍စျေးကွာ ခြားမှုရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန်ဖြစ် ၍ ပန်းတိမ်ပန်းမှာ မန္တလေးစျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
