
စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်နီပေါက်စျေးမှာ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာပေါက် စျေးများမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံကြက်သွန်နီ(လတ်) လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ လက်လီစျေး ၁၄၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး ၁၃၀၀ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိပြီး၊စက်တင်ဘာလတတိယပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်လျှက်ရှိကြောင်းမန္တလေး စျေးချိုရှိကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
