Main menu

မလှိုင်မြို့ ဝါသီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

          မလှိုင်မြို့ဈေးကွက်တွင် အောက်တိုဘာလဆန်းမှစ၍ ဝါသီးနှံအသစ်များ စတင်ဝင် ရောက်လာ ပြီဖြစ်ကြောင်း သိရသည်။ ဈေးကွက်သို့ ဝါသီးနှံစိုက်ပျိုးသည့် မလှိုင်မြို့နယ်ရှိ ကျေးရွာများမှ လာရောက် ရောင်းချကြရာ ယခုအခါ ချည်မျှင်တိုဝါကို အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၂၅၀၀-၃၀၀၀ကျပ်၊ ချည်မျှင်ရှည်ဝါကို တစ်ပိဿာ ၃၀၀၀-၃၈၀၀ကျပ် ဈေးတို့ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

          မလှိုင်ဈေးကွက်ရှိ ဝါပွဲစား၊ ပွဲရုံ၊ ကုန်သည်များအနေဖြင့် နှစ်စဉ်ဝယ်ယူရရှိသောဝါကို မလှိုင်မြို့ ပေါ်ရှိ ဝါစက်များတွင် ကြိတ်ကာ နိုင်ငံပိုင်ချည်စက်များနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ ဝါသီးနှံကို နှစ်စဉ်အောက်တိုဘာ လမှစ၍ ဝယ်ယူကြရာ ယခင်နှစ်ကာလတူတွင် တစ်ပိဿာ (၃၀၀၀) ကျပ် ဈေးဖြင့် ဝယ်ယူခဲ့ရကြောင်း၊ ဝါကုန်သည်များထံမှ သိရသည်။ မလှိုင်မြို့နယ်တွင် ယခုနှစ်ဝါစိုက် ဧက ပေါင်း(၇၀၀၀)ကျော်ရှိရာ ချည်မျှင်တိုဝါစိုက်ပျိုးမှုမှာ ဧကထက်ဝက်ကျော်ရှိကြောင်း၊ ချည်မျှင်တိုဝါမှာ အထွက်နှုန်းနည်းသော်လည်း ဒေသမျိုးအနေဖြင့် ရာသီဥတုဒဏ်ခံသည့်အတွက် နှစ်စဉ်စိုက်ပျိုးကြ ခြင်း ဖြစ်ကြောင်းသိရသည်။        

  DOCA(မန္တလေး)