
သစ်သီးဝလံများတွင် မာလကာသီးမှာ ဈေးကွက်တွင် ရာသီမရွေး ဝယ်ယူစားသုံးနိုင်သော သီးနှံတစ်မျိုုးဖြစ်ပြီး လူကြီး/လူငယ် မရွေး ကြိုက်နှစ်သက်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် တွေ့ရသော မာလကာသီးမှာ ပုပ္ပါးနယ်မှ အများဆုံးဝင်ရောက်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် မာလကာသီးကို တစ်လုံးချင်းဝယ်ယူကြသကဲ့သို့ ပိဿာနှင့်လည်း ဝယ်ယူနိုင်ရာ တစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မှုတည်၍ (၅၀၀-၈၀၀) ရှိပြီး တစ်ပိဿာလျှင် လက်ကားဈေး (၂၀၀၀) ကျပ်၊ လက်လီးဈေး(၃၀၀၀) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်သို့ ဝင်ရောက်မှုနှင့် ဝယ်လိုအားမျှကာဈေးငြိမ်နေပါသည်။ မာလကာသီးကို လက်လီ ရောင်းချ သူများအနေဖြင့် တစ်လုံးချင်း ရောင်းချသကဲ့သို့ ဓားဖြင့် စိတ်၍ ငရုတ်သီးမှုန့်၊ သကြား၊ ဆားတို့ဖြင့် ရောထားသော အမှုန့်နှင့်တွဲဆက် ရောင်းချကြရာ စားသုံးသူများ နှစ်သက်မှုရှိကြောင်းသိရသည်။
DOCA(မန္တလေး)
