
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၃၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
