Main menu

တရုတ်ကားထုတ်လုပ်သူ Changan သည် အစ္စရေးတွင် လျှပ်စစ် SUV အသစ်ကို ထုတ်ဖော်ပြသခဲ့

Powered by Drupal

          တရုတ်မော်တော်ကားထုတ်လုပ်သူ Changan Automobile မှ လျှပ်စစ် SUV ကားသစ် Deepal S05 ကို အစ္စရေးတွင် အောက်တိုဘာလ ၂၁ ရက်နေ့တွင် မိတ်ဆက်ခဲ့ကြောင်း ကုမ္ပဏီ၏ အစ္စရေးတရားဝင် အရောင်းကိုယ်စားလှယ်ဖြစ်သည့် Automotive Equipment မှ ပြောကြားခဲ့သည်။

        Compact Crossover တွင် ၆၈.၈-kWh ဘက်ထရီ၊ အကွာအဝေး ၄၈၅ ကီလိုမီတာ အထိအမြင့်ဆုံး အမြန်နှုန်း ၁၈၀ km/h နှင့် ၁၅ မိနစ်အတွင်း ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ အားအမြန်သွင်း နိုင်မည်ဖြစ်သည်။ ဗားရှင်းပေါ်မူတည်၍ ၅.၅ သို့မဟုတ် ၇.၅ စက္ကန့်အတွင်း ၀ မှ ၁၀၀ km/h အထိ အရှိန်မြှင့်တင် နိုင်မည်ဖြစ်သည်။ Changan ၏ Deepal အမှတ်တံဆိပ်သည် ပြီးခဲ့သော ဒီဇင်ဘာလတွင် အစ္စရေး ဈေးကွက်သို့ Deepal S07 လျှပ်စစ် SUV ကားဖြင့် ဝင်ရောက် ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမ ကိုးလတွင် S07 ကားအစီးရေ ၁၅၆၄ စီး ရောင်းချခဲ့ရကြောင်း Israel Vehicle Importers Association ၏ ထုတ်ပြန်ချက်အရသိရသည်။ တရုတ်မော်တော်ကား ထုတ်လုပ်သူများသည် အဆိုပါကာလအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကား စျေးကွက်ကို လွှမ်းမိုး ထားပြီး ရောင်းချမှု၏ ၈၁.၅ ရာခိုင်နှုန်း သို့မဟုတ် ၄၀၃၅၁ စီးရှိသည်။ BYD Auto သည် မော်ဒယ် ခုနစ်ခုတွင် အစီးရေ ၇၆၅၉ စီးဖြင့် ဦးဆောင်ခဲ့သည်။ တရုတ်အမှတ်တံဆိပ်များသည် အစ္စရေးတွင် အလုံးစုံကားရောင်းအားကို ဦးဆောင်ကာ ပထမကိုးလအတွင်း ကားအစီးရေ ၈၁၇၁၁ စီး ရောင်းချခဲ့ရပြီးနောက်တွင် တောင်ကိုရီးယား အမှတ်တံဆိပ်များက အစီးရေ ၄၃၅၂၀ စီးနှင့် ဂျပန် အမှတ်တံဆိပ်ကားအစီး‌ရေ ၃၄၂၄၂ စီးတို့ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

DOCA (ရန်ကုန်)