
နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၆၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
