
တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၉၀)ကျပ်၊ 95 Octance (၂၉၆၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၆၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၁၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
