
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌အောက်တိုဘာလ (စတုတ္ထပတ်)တွင် ဘိလပ် မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ် လျှင် ကျပ်(၂၀၀၀၀)၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ဆိုင်များတွင် လက်ကျန်အခြေအနေ လုံလောက်စွာရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် အသုံးများသော ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kg ပါ တစ် အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၈၅၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင် အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၅၀၀၀)၊ အာမိုမက်နီဖော့(၁)လီတာတစ်ဘူးလျှင် ကျပ် (၁၁၆၀၀၀)၊ မိုစတား(၁)လီတာတစ်ဘူးလျှင်ကျပ်(၆၆၀၀၀)၊ အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၇၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၀၀၀၀)၊ ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၁၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၅၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၀၀၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် (၄၅၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၅၀၀)၊(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက် ဓာတ်မြေဩဇာများမှာပို၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
