Main menu

ပြည်ဈေးကွက်တွင်ပန်းတိမ်မနိုင်ပန်းဈေးများကျဆင်းလာ

Powered by Drupal

      ပြည်မြို့ရှိဈေးကွက်များတွင် ဘုရားပန်းများကပ်လှူပူဇော်ရန် တာရှည်လမ်းအထားခံ လှလည်းလှသော ပန်းတိမ်မနိုင်ပန်းများ သော အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးနှုန်းများ ကျဆင်းလာသဖြင့် ဝယ်ယူ၍ ကပ်လှူသူများ များပြားလျှက်ရှိပါသည်။ ပေါ်ခါစ အချိန်ဖြစ်သော ဇွန်၊ ဇူလှိုင်လတွင် (၁၀)တံပါတစ်စည်းလျှင် (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ် အထိရောင်းချကြပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် (၁၀)တံပါတစ်စည်းလျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် တစ်စည်းလျှင် ထက်ဝက်ခန့် ဈေးနှုန်းများကျဆင်းလာတာတွေ့ရပါသည်။ ပန်းများကို ပြည်ဈေးကွက်သို့ တောင်ကြီးဘက်မှဝင်ရောက်မှုရှိသလို ရွှေတောင်မြို့နယ်နှင့် ပေါင်းတည်မြို့နယ် ဘက်မှ ဝင်ရောက်လာတာတွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ဝါလကင်းလွတ် သီတင်းကျွတ်ချိန် အလှူ၊ မင်္ဂလာများရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)