Main menu

“ တွံတေးမြို့နယ်ငါးခုံးမ္မစမ်းကျေးရွာ၌ကျောင်းသားကျောင်းသူများဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြော ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးခုံးမ္မစမ်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားစေရေး အသိပညာပေး ဟောပြောပွဲ အခမ်း အနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ငါးခုံးမ္မစမ်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်က အဖွင့်အမှာစာကားပြောကြား ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှု့ကြရေး၊ စာပေလေ့လာ ခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီးနိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရေး၊ အချိန်ကိုစီမံခန့်ခွဲ တတ်စေရေးနှင့်  အောင်မြင်သောလူငယ်တစ်ဦးဖြစ်လာစေရေးအတွက် လိုက်နာသင့်သည့် အချက်များအား ဟောပြောပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသားကျောင်းသူ လူငယ်လေးများ အနေဖြင့် အစားအစာများဝယ်ယူ စားသုံးရာတွင် သက်တမ်းလွန်အစားအသောက်များ၊ ဆိုးဆေးအလွန်အကျွံသုံးစွဲထားသော အစား အသောက်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အစားအစာများ အား ဝယ်ယူစားသောက်သုံးစွဲခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)