
အင်ဒိုနီးရှားနိုင်ငံသည် ၅၀ ရာခိုင်နှုန်း ဇီဝဒီဇယ် (B 50) အစီအစဥ်ကို အကောင် အထည်ဖော် ပြီးနောက် ဒီဇယ်တင်သွင်းမှုကို ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှစတင်၍ ရပ်တန့် သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် စွမ်းအင်နှင့် သတ္ထုအရင်း အမြစ်ဝန်ကြီး Bahlil Lahadalia ၏ ပြောကြားချက်အရ သိရပါသည်။
Bahlil က အင်ဒိုနီးရှားအစိုးရသည် လက်ရှိတွင် B 50 ဇီဝဒီဇယ် အတွက် ၆ လ မှ ၈ လ အတွင်း ပြီးစီးရန်မျှော်လင့်ထားသည့်အတွက် စတုတ္ထအဆင့်နှင့် နောက်ဆုံး အဆင့်စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း သိရပါသည်။ စမ်းသပ်မှုများတွင် သင်္ဘောအင်ဂျင် များ၊ ရထားများ၊ စက်ယန္တရားကြီးများနှင့် အခြားအရာများပါဝင်ကြောင်း သိရပါသည်။
စားအုန်းဆီအခြေပြု ဇီဝလောင်စာ ၅၀ ရာခိုင်နှုန်းနှင့် ဒီဇယ် ၅၀ ရာခိုင်နှုန်း ရောစပ်ပြုလုပ် ထားသော B 50 ဇီဝဒီဇယ်လောင်စွာ အစီအစဥ်သည် အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်အမှီအခိုကင်းမှု ကို မြှင့်တင်ရန်နှင့် လောင်စာဆီများအပေါ် မှီခိုမှုကို လျော့ချရန်အတွက် ရေရှည်စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၅ ခုနှစ်တွင် သတ်မှတ်ထားသော ကီလိုလီတာ ၁၅.၆ သန်း ကို ၆၄.၇ ရာခိုင်နှုန်းကိုယ်စားပြုသည့် လက်ရှိ ကီလိုလီတာ ၁၀ သန်းခန့် ရောက်ရှိနေသာ B 40 အစီအစဥ်နှင့် ကိုက်ညီလျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံသည် B 40 အစီအစဥ်အကောင်အထည်ဖော် ဆောင် ရွက်ခြင်းဖြင့် အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံခန့် သက်သာစေခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
