Main menu

တန်ဇန်းနီးယားနိုင်ငံ Mtwara ဒေသတွင် သဘာဝဓာတ်ငွေ့ သိုက်များရှာဖွေတွေ့ရှိ

Powered by Drupal

          Dar es Salaam တောင်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာရှိ Mtwara ဒေသရှိ Mnyundo နှင့် Mpapura ကျေးရွာများတွင် သိသာထင်ရှားသော သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိကြောင်း တန်ဇန်းနီးယားနိုင်ငံမှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။ ၇၃၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် Lindi-Mtwara လုပ်ကွက်အတွင်း စူးစမ်းရှာဖွေမှုလုပ်ငန်းများ လုပ်ဆောင်နေစဉ် အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး Mtwara နှင့် Mtama ခရိုင်ကောင်စီများတစ်လျှောက်တွင် ကျေးရွာ ပေါင်း ၄၈ ရွာ ပါဝင်ပါသည်။ Mnyundo နှင့် Mpapura ရှိ တွင်းများသည် အလားအလာ ရှိသော အရန်များဖြစ်ကြောင်း ညွှန်ပြပြီး ပဏာမလေ့လာချက်များအရ သဘာဝဓာတ်ငွေ့အတွက် အလား အလာ မြင့်မားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ လက်ထောက် အမြဲတမ်းအတွင်းဝန် James Mataragio က ပြောကြားခဲ့သည်။ ယခင်က စုဆောင်းထားသော ငလျင်ဆိုင်ရာ အချက်အလက်များ အပေါ် အခြေခံ၍ ဓာတ်ငွေ့ပါဝင်မှု ၃၂ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ သည်။ စက်မှု၊ ပြည်တွင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် သဘာဝဓာတ်ငွေ့ လိုအပ်ချက်တိုး လာခြင်းကြောင့် တန်ဇန်းနီးယား၏ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် 2050 နှင့်အညီ ရှာဖွေရေး ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် အစိုးရမှ လှုံ့ဆော်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပရောဂျက်တွင် ရေနံတွင်း ၃ တွင်းပါဝင်ပြီး ၂ တွင်းသည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၄၅ သန်း ထပ်မံထွက်ရှိရန် မျှော်မှန်းထားကြသည်။ စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင်စာရင်းဇယားများ အရ တန်ဇန်းနီးယားနိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုက်သည် လက်ရှိတွင် ခန့်မှန်းခြေအားဖြင့် ကုဗပေ ၅၇.၅၄ ထရီလျံခန့်ရှိပြီး ကမ်းလွန်ပင်လယ်ပြင်များတွင် ကုဗပေ ၄၉ ထရီလီယံကျော်ရှိကြောင်းသိရသည်။

  DOCA(ရန်ကုန်)