
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ဥစားပိန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်နေအိမ်ဝင်းအတွင်းနှင့် ယာမြေများတွင် စိုက်ပျိုးရောင်းချလျက်ရှိသော်လည်း အထွက်နည်းသည့်အတွက် ရွှေဘိုမြို့ ၊ မန္တလေးမြို့ တို့မှလည်း မှာယူရောင်းချကြောင်းသိရသည်။
၂၀၂ ၅ ခုနှစ်၊ အောက်တိုဘာလတတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ဥစားပိန်းဥ ဈေးနှုန်းမှာ ဥစားပိန်းဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၆၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း အလားတူပင် ကန်ဇွန်းဥဈေးနှုန်းအနေဖြင့် ကန်ဇွန်းဥ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ကန်ဇွန်းဥ နှင့် ဥစားပိန်းဥကို ပဲတီဆံ၊ ကုလားပဲ တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ဥစားပိန်းဥကို ပြုတ်၍ ဆီ နှင့် ဆားနယ်ပြီး ရေနွေးကြမ်းဖြင့် စားသုံးကြသလို တာလပေါဟင်းချက်ရာတွင်လည်း အသုံးပြုကြသောကြောင့် လူကြီး/ လူငယ်အရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)
