Main menu

အီဂျစ်သည် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းလောင်စာဆီစျေးနှုန်းကိုဒုတိယအကြိမ်မြှင့်တင်

Powered by Drupal

     နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ချေးငွေရယူရန် ရည်ရွယ်သော အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီဂျစ်ပြည်တွင်း လောင်စာဆီ ဈေး နှုန်းကို ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြှင့်တင်လိုက် ကြောင်းသိရသည်။ “ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များကြောင့် မြင့်တက်ပြီး နောက် အနည်းဆုံးတစ်နှစ်ကြာ လောင်စာဆီစျေးနှုန်းများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန က ထပ်လောင်းပြောကြားခဲ့သည်။ ရေနံထွက်ကုန်အမျိုးမျိုးအတွက် ဈေးနှုန်းများကို ၁၀.၅ ရာခိုင်နှုန်း မှ ၁၂.၉ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒီဇယ်ဈေးသည် တစ်လီတာလျှင် ၁၅.၅၀ မှ အီဂျစ်ပေါင် ၁၇.၅၀ သို့ မြင့်တက်ခဲ့သည်။ စက်သုံးဆီအလိုအလျောက် စျေးနှုန်းကော်မတီသည် 80-octane ဓာတ်ဆီတစ်လီတာလျှင် ၁၇.၇၅ ပေါင်မှ ၁၅.၇၅ ပေါင်၊ 92-octane ၁၇.၂၅ ပေါင်မှ ၁၉.၂၅ ပေါင်နှင့် 95-octane ၂၁ ပေါင်မှ ၁၉ ပေါင်သို့ ချိန်ညှိခဲ့သည်။ စျေးနှုန်း သစ်များသည် သောကြာနေ့တွင် ဒေသစံတော်ချိန် 06:00 တွင် စတင်သက်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့သော ဒေါ်လာ ၈ ဘီလီယံတန်သော ချေးငွေသဘောတူညီချက်အရ လူမှုဘေးကင်းရေးပိုက်ကွန်များ တိုးချဲ့စဉ်တွင် လောင်စာဆီ၊ လျှပ်စစ်နှင့် အစားအစာထောက်ပံ့မှု များကို ဖြတ်တောက်ရန် IMF မှ အီဂျစ်အစိုးရအား တိုက်တွန်းထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ၀န်ကြီးချုပ် Mostafa Madbouly သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လောင်စာဆီထောက်ပံ့မှုများကို အဆုံးသတ်ရန် ရည်ရွယ်သော လောင်စာဆီစျေးနှုန်းကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရန်အတွက် အစိုးရ၏အစီအစဉ်ကို အလေးအနက်ဖော်ပြထားသည်။ 

Source : Xinhua                                                                                   

DOCA(ရန်ကုန်)