Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငရုပ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၂၀၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)