
အမေရိကန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အပေါ် ချုပ်ကိုင်လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်၍ အရေးကြီးသော သတ္ထုတွင်း သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သြစတြေးလျနိုင်ငံရှိ ကုမ္ပဏီများအား ငွေကြေးပံ့ပိုးမှုကို တိုးမြှင့်ခဲ့ပြီး ကုမ္ပဏီများ၏ ရှယ်ယာများကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် သိသိသာသာ မြင့်တက်စေခဲ့ ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုအောက်တွင် အမေရိကန်နိုင်ငံ သမ္မတ Donald Trump နှင့် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဆိုသူ Anthony Albanese တို့က အမေရိကန်နှင့် သြစတြေးလျနှစ်နိုင်ငံလုံးသည် ၇ လအတွင်းတွင် သတ္ထုတူးဖော်ရေးနှင့် ထုတ်လုပ်ရေး စီမံကိန်း များတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့် တိုးမြင့် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း နှင့် အရေးပါသော သတ္ထုများအတွက် ကြမ်းခင်းစျေး များကို သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရပါသည်။ သြစတြေးလျနိုင်ငံတွင် အမေရိကန်နိုင်ငံနှင့် သဘောတူညီထား သော အရေးပါသည့်သတ္ထုတူးဖော့်သည့် စီမံကိန်းများကို အဆင့်မြှင့်တင်ရန်အတွက် အမေရိကန် နိုင်ငံမှ ပို့ကုန်-သွင်းကုန်ကုမ္ပဏီ (EXIM) က စုစုပေါင်းအတိုး (LOIs) အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံခန့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ LOIs များကို Arafura Rare Earths၊ Northern Minerals၊ Graphinex၊ Latrobe Magnesium၊ VHM၊ RZ Resources နှင့် Sunrise Energy Metals များသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ ထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်လုံခြုံရေးနှင့် တစ်ခြားသော နည်းဗျူဟာမြောက်လုပ်ငန်း များအတွက် စွမ်းအင်ပေးနိုင်မည့် သတ္ထုတွင်းများအဖြစ် ကိုယ်စာပြုနေကြောင်း သိရပါသည်။ Arafura ၏ ရှယ်ယာများသည် အောက်တိုဘာလ ၂၁ ရက်နေ့မနက်ခင်းတွင် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကာ Northern Minerals၊ Latrobe Magnesium နှင့် VHM တို့၏ ရှယ်ယာများ သည်လည်း ၁၁ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းစသဖြင့် အသီးသီး မြင့်တက်လျက်ရှိပြီး Sunrise ၏ ရှယ်ယာများသည်လည်း ၀.၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ အစိုးရက ၎င်းတို့အနေဖြင့် အမေရိကန် အလူမီနီယမ်ထုတ်လုပ်သည့် စက်ရုံ Alcoa အား ကမ္ဘာလုံး ဆိုင်ရာ Gallium ထောက်ပံ့မှု ၁၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်မည့် သြစတြေးလျနိုင်ငံအနောက် ပိုင်းရှိ အလူမီနီယမ် သန့်စင်သည့် စက်ရုံဘေးတွင် Gallium စက်ရုံအားတည်ဆောက်နိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်ကြောင့် Aloca ၏ ရှယ်ယာများ ၈ ရခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Gallium ကို အလူမီနီယမ်ထုတ်လုပ် ရေးအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိပြီး ၎င်းသည် semiconductor လုပ်ငန်းနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အရေးပါသော သတ္ထုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ Aloca သည် သြဂုတ်လတွင် Japan Australia Gallium Associates (Jaga) နှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Aloca သည် Jaga နှင့်အတူ Aloca ကုမ္ပဏီ လုပ်ငန်းလည်ပတ်ရန်အတွက် ဖက်စက်လုပ်ငန်း ပြုလုပ်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
