
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ အလုံးအကြီး(၃/၄)လုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်၊ (၃)တွဲ လျှင်(၂၀၀၀)ကျပ် နှင့် မုံလာဥဖြူ(၃/၄)လုံးပါ(၁၀)တွဲလျှင်(၆၅၀၀)ကျပ်၊ မုံလာဥဖြူ အလုံးသေး(၄/၅)လုံးပါ တစ်တွဲလျှင်(၅၀၀)ကျပ်(၁၀)တွဲလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)
