Main menu

ဗီယက်နမ်-ကမ္ဘောဒီးယားကုန်ထုတ်လုပ်မှုချိတ်ဆက်ရေးကွန်းဖရန့်ကိုလက်ခံကျင်းပမည့် An Giang

Powered by Drupal

        ကမ္ဘောဒီးယားမိတ်ဖက်များနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့တွင် ချိတ်ဆက်မှုမြှင့်တင်မည့် ကွန်းဖရန့်ကို ကမ္ဘောဒီးယားနယ်စပ်ရှိ An Giang ပြည်နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။၂၀၂၅ ခုနှစ် နိုင်ငံတော်ကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်အောက်တွင် အဓိကဆောင်ရွက်မှုဖြစ်သည့် ထိုအခမ်း အနားသည် ဗီယက်နမ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးကြီးထွားမှုအရှိန်မြှင့်တင်ရန်၊ ဒေသခြင်း ချိတ်ဆက်မှုအားကောင်းရန်နှင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းပြည်နယ်နှင့်မြို့တော်များ၏ပြည်သူ့ကော်မတီများနှင့် သက်ဆိုင်ရာကမ္ဘောဒီးယား အေဂျင်စီများကပူးတွဲကြီးမှူးကျင်းပသည့်ထိုကွန်းဖရန့်သည် နှစ်နိုင်ငံစလုံးမှဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ၊ စီးပွားရေးအသင်းများနှင့် လုပ်ငန်းများထံမှ တာဝန်ရှိသူ ၂၀၀ မှ ၂၅၀ ကြား ဆွဲဆောင်နိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ပါဝင်မည့်စီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုး မွေးမြူရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ အစားအစာနှင့် စားသုံးကုန်များ၊ အဝတ်အထည်-အထည် အလိပ်နှင့် ဖိနပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဆေးဝါးများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုအစရှိသည့် ကျယ်ပြန့်သည့် ကဏ္ဍများမှပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ အဆို အရ ထိုကွန်းဖရန့်သည် မူဝါဒဆွေးနွေးမှုစင်မြင့်တစ်ခုသာမက ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လုပ်ငန်းများက အတွေ့အကြုံများဖလှယ်ရန်၊ စီးပွားရေးအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကွန်ယက်များ တိုးချဲ့ရန်အခွင့်အလမ်းသစ်များတိုးချဲ့ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အဓိကဆွေးနွေးမှုများသည်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုမူဝါဒများတိုးတက်ရန်၊ နယ်စပ်ဂိတ်အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်နှင့် နှစ်နိုင်ငံစလုံးမှ စီမံခန့်ခွဲရေးအေဂျင်စီများ၊ အသင်းများနှင့် လုပ်ငန်းများအကြား ရေရှည်ပူးပေါင်း ဆောင်ရွက်မှုယန္တယားများတည်ထောင်ရန်တို့အပေါ် အဓိကထားမည်ဖြစ်ကြောင်း သိရပါသည်။ ကွန်းဖရန့်တွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလုပ်ငန်းများနှင့် အဖွဲ့အစည်းများအကြား MoU လက်မှတ်ရေးခြင်းအခမ်းအနားတို့ပါဝင်မည်ဟု သိရပါသည်။

 DOCA (ရန်ကုန်)