
ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဦးရေ ၃၁.၆၅ သန်းဝန်းကျင် တိုးလာခဲ့ပြီး ယခုနှစ် ပထမကိုး လအတွင်း သန်း ၃၀ ကျော် စံချိန်တင်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ ကိုးလတာ ကိန်းဂဏန်းသည် ၂၀၂၄ ခုနှစ် အလားတူ ကာလထက် ၁၇.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်စဉ် ၃၆.၈၇ သန်းဝင်ရောက်သည့် စံချိန်ကို ကျော် လွန်သွားမည်ဖြစ်ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့၏ အချက်အလက်များအရ သိရ သည်။
နိုင်ငံခြားဧည့်သည်များသည် ယခုနှစ် ပထမကိုးလအတွင်း တည်းခိုနေထိုင်ခြင်း၊ ဈေးဝယ်ခြင်း နှင့် အခြားသုံးစွဲမှုများအတွက် ယန်းငွေ ၆.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅.၅ ဘီလီယံခန့်) သုံးစွဲ ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များအရသိရသည်။
တစ်ချိန်တည်းတွင်ပင် စက်တင်ဘာလ နိုင်ငံခြားဧည့်သည်အရေအတွက်သည် လွန်ခဲ့သည့် နှစ်ကထက် ၁၃.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၃.၂၆ သန်းကျော်ရှိကာ ပထမဆုံး အကြိမ်အဖြစ် ၃ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းထုတ်ပြန်ချက်မှ သိရသည်။
DOCA(ရန်ကုန်)
