
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီးနှင့် ဒညှင်းသီးကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီးအကြီး တစ်လုံးလျှင်(၃၀၀/၃၅၀)ကျပ် နှင့် ဒညှင်းသီးအသေး တစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ်၊ ဒညှင်းသီးအပြုတ်အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံး လျှင်(၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
