Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ငါးကြီးချဉ် နှင့် ငါးသေးချဉ် ဈေးနှုန်း

Powered by Drupal

        ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကြောင်း နှင့် ဒေသထွက်ရေချိုငါးများကို  ငါးချဉ်များပြုလုပ်၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ငါးကြီးသားချဉ်ပြုလုပ်သည့် ငါးများကို သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ငါးကြင်း၊ ငါးတို တို့ဖြင့်လည်းကောင်း ငါးသေးချဉ်ပြုလုပ်သည့် ငါးမှာ ငါးဗျက်နှင့် ငါးရှည်(ခေါ်)ခိုင်သင်းကြည်ငါးများဖြင့် သာပြုလုပ်ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြီးချဉ် ()ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ငါးသေးချဉ်()ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ငါးချဉ်များကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့ဖြင့် ကြော်စား၍လည်းကောင်း အစိမ်းအတိုင်း နံနံပင် ငရုပ်သီးစိမ်း ကြက်သွန်နီတို့ဖြင့်  သုပ်စား၍လည်းကောင်း စားသောက်အသုံး ပြုကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)