Main menu

ကန့်ဘလူမြို့နယ်၏ ရာသီစာ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲအစို

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

  ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများစိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ အောက်တိုဘာလ တတိယပတ်အတွင်း ထောပတ်ပဲ(၁) ပြည်လျှင် (၁၅၀၀၀)ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ရာသီစာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ ဈေးနှုန်းအနည်းငယ်မြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)