Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောဖူးနှင့် ငှက်ပျောအူ ဈေးနှုန်း

Powered by Drupal

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောပင်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောဖူးနှင့် ငှက်ပျောအူများကို ကျေးရွာအတော်များများနှင့် မြို့ပေါ်ရပ်ကွက်များမှ စိုက်ပျိုးပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ငှက်ပျောဖူး ဈေးနှုန်းများမှာ ငှက်ပျောဖူး တစ်ဖူးလျှင်(၈၀၀)ကျပ်၊  (၂)ဖူးလျှင်(၁၅၀၀)ကျပ် နှင့် ငှက်ပျောအူ အကြီး တစ်တုံးလျှင်(၁၀၀၀)ကျပ်၊ အသေးတစ်တုံးလျှင်(၈၀၀)ကျပ်၊ (၂)တုံးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ငှက်ပျောဖူးကိုတော့ အိမ်ရှင်မများမှ သုပ်စား၊ ကြော်စား၊ ပေါင်းစား၊ ပြုတ်ပြီး ငပိရည်နှင့် တို့စားရန်အတွက် အသုံးပြုကြပြီး ငှက်ပျောအူကိုတော့ မုန့်ဟင်းခါးချက်ရာနှင့် ဟင်းချိုချက်ရာတွင် အချိုဓါတ်ရရှိစေရန်အတွက် အသုံးပြုကြတာဖြစ်လို့ ရောင်းအားကောင်းလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)