
ကျွန်းလှမြို့နယ်အတွင်းရှိ ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်)ကောက်ညှင်းပြားများကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက်ရှိပြီး ယခုအချိန်တွင် ကောက်ညှင်းပြားများ လှိုင်လှိုင်ပေါလာသည့်အချိန်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကောက်ညှင်းပြားများပြုလုပ်ရာတွင် ကောက်ညှင်းဆန် ကျောက်ခဲ၊ သလဲများမပါအောင် ရွေးချယ်သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်ရသောကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းကာ အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီး စားသုံးရသည့် ကောက်ညှင်းပြားများ ရရှိပါကြောင်း၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ခေါဆီ(ခေါ်) ကောက်ညှင်းပြား ဈေးနှုန်းအနေဖြင့် ခေါဆီ(ခေါ်)ကောက်ညှင်းပြား ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ပြား၊ တစ်ခုလျှင်(၁၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၅)ပြား တစ်ခုလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
