Main menu

ဆီစာအုပ်ဖြင့် ရောင်းချနိုင်ရေး လက်လီအရောင်းဆိုင်များအား အသိပညာပေး

Powered by Drupal

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၉.၁၀.၂၅) ရက်နေ့တွင် အောင်တပ်ကျေးရွာအုပ်စု၊ လူထုခန်းမဆောင်၌ ဆီကိုယ်စားလှယ် (၁) ဦး၊  ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အောင်တပ်၊ ဖဲကုန်း၊ ဒိုးငူ၊ အစိုကြီး၊ မြကျွန်းသာ၊ အေးချမ်းသာ၊ လက်ခုပ်၊ ရွာခွဲ(၇) ရွာမှ စားအုန်းဆီ လက်လီအရောင်းဆိုင် (၈) ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုပေါင်း (၄၈၀) စု အတွက် ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချပေးရန်နှင့် ဆီရောင်းချရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန် တွေ့ဆုံအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)