Main menu

ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ ရာသီပေါ် သီးနှံများ ဖြစ်ကြသည့် ခရမ်းသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးအပြင် ငရုတ်သီးစိမ်းများ ရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ လက်လီ (၁)ပိဿာလျှင် (၃၅၀၀)၊ လက်ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ငရုတ်သီးစိမ်းကို မြို့ပေါ်ရပ်ကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)