Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နနွင်းဈေးနှုန်း

Powered by Drupal

    နနွင်းပင်များကို ကန့်ဘလူမြို့၊ ကျေးရွာနှင့် မြို့များ၌  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိမိတို့ စားသုံးရန် သာမက ရောင်းချရန်အတွက်ပါ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။နနွင်းပင်မှ နနွင်းဖူးများကိုလည်း ခူးဆွတ် ၍ရောင်းချလျက်ရှိကြောင်း ၊ နနွင်းမှုန့်သည် အိမ်တိုင်းတွင် မရှိမဖြစ် အသုံးပြုကြသော ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူများစွာပြုပါသည်။   

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့အတွင်း ရောင်းချလျက်ရှိသော နနွင်းတက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ နနွင်းမှုန့်(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နနွင်းမှုန့်(၅၀)ကျပ် သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)