Main menu

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ် ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်နှင့်မျှစ်ပြုတ် (၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခုအခါ မျှစ်စိမ်းများ ဝင်ရောက်မှုနည်းလာ၍ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)