Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ခေါင်ရမ်းပန်းပျိုးပင်ဈေးနှုန်း

Powered by Drupal

     ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော ခေါင်ရမ်းပန်းပျိုးပင်များကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခေါင်ရမ်းပန်းပင်သည် အလှပန်းပင် တစ်မျိုးဖြစ်သည်။ အပူပိုင်းဒေသများတွင် အလွယ်တကူ ရှင်သန်နို်ငသော အပင်မျိုးဖြစ်ပြီး ခေါင်ရမ်းပန်းတွင် ပွင့်ဖတ်အကြီးကြီးများရှိ၍  အရောင်အသွေးစုံသော ခေါင်ရမ်းပန်းများကို အလှပန်းအဖြစ်စိုက်ပျိုးကြသော်လည်း ကျန်းမာရေး အတွက်ပါ အသုံးဝင်သော ပန်းပင်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ ပန်းအရောင်များမှာ  အနီ ရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်ဟူ၍ အရောင်မျိုးစုံရှိ ကြောင်း၊ ခေါင်ရမ်းပန်းပင်များကို နေအိမ်ခြံဝင်းများ၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေး ဝဲယာများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ကြောင်း၊၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယ ပတ်အတွင်း ခေါင်ရမ်းပန်းပျိုးပင် တစ်ပင်လျှင် အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အသေး ()ပင်လျှင်(၅၀၀၀)ကျပ်၊ အကြီး()ပင်လျှင် (၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)