Main menu

ကန့်ဘလူမြို့မဈေးရှိ ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာစားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်းဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက်လီတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး (၁)ထုတ်လျှင်(၁၀၀၀)ကျပ်၊ ရေဦး ထန်းလျက်ဖြူ (၁)ပိဿာလျှင် (၉၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)