Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရေစာ နေကြာစေ့လှော်ဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ တွင်ရေဦးပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ဇီးထန်းလျက်နှင့် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ လူကြီး၊လူငယ်မရွေး နေကြာစေ့လှော်ကို  သရေစာ အဖြစ်စားသုံးကြကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  နေကြာစေ့လှော် လက်က္ကားတစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၇၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)