Main menu

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့်  ကြောင်လျှာသီး

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကြောင်လျှာပင်ကို မိမိနေအိမ်ခြံစည်းရိုးများနှင့် ယာကွက်စည်းရိုးများတွင် စိုက်ပျိုးကြ ရာကြောင်လျှာပွင့်နှင့် အသီးတို့ကို ဟင်းလျာအဖြစ်စားသုံး၍ရသည့်အပြင် အမြစ်နှင့်အခေါက်တို့ကို လည်းဆေးအတွက် အသုံးပြုကြကြောင်း၊ ကြောင်လျှာပင်စိုက်ပျိုးရာတွင် လုပ်အားခနှင့် သွင်းအားစု ကုန်ကျစရိတ် နည်းပါးပြီး နှစ်ရှည်သီးပင်ဖြစ်သည့်အတွက် စိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ် ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသောဈေးနှုန်းအနေဖြင့် ကြောင်လျှာသီးလက်လီ (၁)တောင့်လျှင်(၁၀၀၀)ကျပ်၊ လက်က္ကား(၁) တောင့်လျှင်(၉၀၀)ကျပ်၊ အသေး(၁)တောင့်လျှင်(၇၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ကြောင်လျှာသီးတစ်တောင့် လျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)