Main menu

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးကို အဓိကထားစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်စပါးတင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဌာန၊ လ.ဝ.က ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (MV- အောင်တက်တိုး) ရေယာဉ်ပေါ်တွင် ပေါ်ဆန်း၊ ဧည့်မထ၊ ကောက်ညှင်း ဆန်အိတ်များ တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆန်များ သယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်း သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)