Main menu

အုန်းသီးစိမ်းတင်ပို့မှုကိုရပ်တန့်ကာ ပြုပြင်ထုတ်လုပ်တင်ပို့မည့် အင်ဒိုနီးရှား

Powered by Drupal

            အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အုန်းသီးပါဝင် သောများစွာသောစိုက်ပျိုးရေးကုန်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်မှုကနဦး ဆောင်ရွက်လျှက်ရှိပြီး အနီးနားအနာဂတ်တွင် ပြုပြင်မထုတ်လုပ်ထားသည့်အုန်းသီးများကို တင်ပို့မှုပြုလုပ်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ အောက်တိုဘာလ ၉ ရက်နေ့က သမ္မတနန်းတော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Sulaiman က အင်ဒိုနီးရှားသည်လတ်တလော တွင် အုန်းသီးတန်ချိန် ၂.၈ သန်းကို နှစ်စဉ်တင်ပို့လျှက်ရှိကြောင်းနှင့် အုန်းသီးကို အုန်းနို့နှင့် virgin coconut oil ကဲ့သို့သောထုတ်ကုန်များအဖြစ်သို့ အပြီးသတ်ပြုပြင်ထုတ်လုပ်ခြင်းသည် တန်ဖိုးကို အဆ ၁၀၀ ထိ မြင့်တက်စေကြောင်းပြောကြားခဲ့ပါသည်။ အုန်းပင်သည် ၎င်း၏ ၁၅ မီတာမှ ၃၀ မီတာထိရှည်လျား မှုနှင့်ပတ်သတ်၍ လူသိများပြီး အစဉ်အလာအားဖြင့်  copra ၊ အုန်းဆီနှင့် အခြား ဆက်စပ်ထုတ်ကုန်များထုတ်လုပ်ရန်အသုံးပြုကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ ယခုနှစ် အုန်းသီးထုတ်လုပ်မှုသည်တန်ချိန် ၃၃ သန်းအထိရောက်ရှိခဲ့ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံတန်ဖိုးရှိသောအုန်းသီးတန်ချိန် ၂.၈ သန်းကိုတင်ပို့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ် ရေးမဟာဗျူဟာတွင် ကိုကိုး၊ သီဟိုဠ်၊ gambier ၊ ကွမ်းသီးနှင့် ငရုတ်ကောင်းတို့ကဲ့သို့သော စိုက်ပျိုး ရေးကုန်ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ထိုကြိုးပမ်းအားထုတ်မှုသည် ကုန်ပစ္စည်းများ တန်ဖိုးမြှင့်တင်ရန်၊ အလုပ်အကိုင် များဖန်တီးပေးရန်၊ လူမှုဖူလုံရေးတိုးတက်ရန်နှင့် အလုပ်လက်မဲ့ လျှော့ချရန် ရည်ရွယ်ကြောင်း သိရပါသည်။ ကနဦးခြေလှမ်းတစ်ရပ်အနေဖြင့် စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေးသမားများအား ကိုကိုး၊ ကော်ဖီ၊ အုန်းပင်၊ သီဟိုဠ်နှင့် ကွမ်းပင်တို့၏ မျိုးစေ့များနှင့် ပျိုးပင်များကို ဖြန့်ဖြူးလျှက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးမှုပမာဏ မှာ ဟတ်တာ ၈၀၀၀၀၀ အကျယ်အဝန်းရှိပြီး ၂ နှစ်အတွင်းအလုပ်အကိုင် ၁.၆ သန်းဖန်တီးပေးရန် မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)