Main menu

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး

Powered by Drupal

          (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး တို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများထံသို့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

          အဆိုပါရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၁၅၀) ကျပ်(ဘူးခွံမပါ)၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ဆီ(၅၀) သား၊ ကြက်ဥ (၁၀) လုံးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ဆန်စုစုပေါင်း(၃)အိတ်၊ ဆီ(၅၀) သားဘူး(၂၀၀) ဘူး၊ ကြက်ဥအလုံးရေ (၆၀၀) တို့အား အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)