Main menu

ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ  ကုန်စိမ်းသီးနှံ ဈေးကွက်တွင် မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း‌မြို့ တို့မှထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး (၁) ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၂၅၀၀-၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင်  (၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၈၀၀)ဖြင့် ရောင်းချ လျက်ရှိရာ  ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၀၀-၂၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်း များထွက်ရှိလာသည့်အတွက် ဈေးကွက်အတွင်းခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)