
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၁၀၀၀၀၀ ကျပ်ရှိခဲ့ပြီး၊အောက်တိုဘာလ ပထမ ပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၉၀၀၀၀ ကျပ် ရှိခဲ့သဖြင့် ဈေးအနည်းငယ်သာ ကျဆင်း ခဲ့ပါကြောင်း၊ ပဲယင်း ၂၀ပိဿာတစ်တင်းကို ၇၇၂၇၀ ကျပ်၊ပဲငပိ ၂၀ ပိဿာ တစ်တင်းကို ၉၀၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၁၃၀၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၈၀၀၀ ကျပ်၊ ကုလားပဲတစ်ပြည်ကို ၈၅၀၀ ကျပ်၊ဘိုကိတ်တစ်ပြည်ကို ၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါနေကြောင်းပဲ အရောင်း အဝယ်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
