Main menu

ပွင့်ဖြူမြို့နယ်၊ သမော်အင်းကျေးရွာ၌ သကြားပြောင်းဖူးများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ဆည်ရေသောက်စိုက်ခင်းများနှင့် မြေနုကျွန်းများတွင် စပါး၊ နှမ်း၊ ကုလားပဲ၊ ပြောင်း စသည့် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ယခုနှစ်တွင် မုန်းမြင့်၊ သမော်အင်းကျေးရွာများတွင် ပြောင်းကို ဇူလိုင်လ(ဒုတိယပတ်)တွင် စတင် စိုက်ပျိုးခဲ့ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ခူးဆွတ်လျက်ရှိကြောင်း သိရသည်။

    သမော်အင်းကျေးရွာ၌ သကြားပြောင်း(၁၀)ဧကခန့်စိုက်ပျိုးထားရှိပြီး ပြောင်းမျိုးကို (135)မျိုး စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၄)ထုပ်ခန့်စိုက်ပျိုးရပြီး (၁)ထုပ်လျှင် ကျပ်(၉၅၀၀၀)ပေးရ ကြောင်း၊ အစေ့ချ ဘောင်တင်စနစ်ဖြင့် ရေသွင်း၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၂)လခွဲခန့်အချိန်တွင် စတင်ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပြောင်းဖူး(၇၀၀၀)ခန့်ထွက်ရှိကြောင်း၊ မြေပြုပြင်ခ၊ ထွန်ယက်ခ၊ မျိုးဘိုး၊ အခြားသွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်(၉၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ထွက်ရှိသည့် ပြောင်းဖူးများကို(၁)ဖူးလျှင် ကျပ်(၄၀၀)ဖြင့် ပွင့်ဖြူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် မင်းဘူးမြို့သို့တင်ပို့ရောင်းချကြောင်း၊ (၁)ဧကအကျိုးအမြတ်အ နေဖြင့် ကျပ်(၁၉)သိန်းခန့်ကျန်ရှိကြောင်း သမော်အင်းကျေးရွာနေ ပြောင်းဖူးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မကွေး)