Main menu

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ ဆန်စပါးဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နှစ်စဉ်မိုးစပါးစိုက်ဧက ၇၃၅၈၄၁ စိုက်ပျိုးလျက်ရှိပြီး ပုသိမ်မြို့နယ်တွင် အများဆုံး စိုက်ပျိုးလျက်ရှိသော စပါးအမျိုးအစားများမှာ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းရင်နှင့်ဧည့်မထအုပ်စုဝင် ရွှေသွယ်၊ မနောသုခ၊ မျိုးပွား စပါးတို့အများဆုံးစိုက်ပျိုးထုတ်လုပ်၍ ဒေသတွင်းစားသုံးမှုနှင့် ပိုလျှံသည့် ဆန်၊ ဆန်ထွက်ပစ္စည်းများကို ပြည်ပဈေးကွက်နှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ပုသိမ်မြို့ပေါ်ရှိ ဆန်စပါးဈေးကွက်တွင် ယခင်နှစ် ဧရာဝတီပေါ်ဆန်စပါး ၁တင်းကျပ် ၂၃၀၀၀ ဆန်တစ်အိတ် ၉၅၀၀၀ ဈေး၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၂၁၀၀၀ ဆန်တစ်အိတ် ၈၅၀၀၀ ဈေး၊ ရွှေသွယ်စပါး ၁တင်းကျပ် ၁၉၀၀၀ ဆန်တစ်အိတ် ၇၅၀၀၀၊ မိုးမနောသုခ မျိုးပွားစပါး စပါး ၁တင်းကျပ် ၁၇၀၀၀ ဆန်တစ်အိတ် ၆၉၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခုနှစ် ဧရာဝတီပေါ်ဆန်းစပါး ၁တင်း ကျပ် ၂၈၅၀၀ ဆန်တစ်အိတ်ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၂၆၀၀၀ ဆန်တစ်အိတ် ၁၀၅၀၀၀ ဈေး၊ ရွှေသွယ် စပါး ၁တင်းကျပ် ၂၃၀၀၀ ဆန်တစ်အိတ် ၉၀၀၀၀ ဈေး၊ မနောသုခမျိုးပွား စပါး ၁တင်းကျပ် ၂၀၅၀၀ ဆန်တစ်အိတ် ၇၉၀၀၀ ကျပ်ဈေး ဖြစ်သွားသည့်အတွက် ယခင်နှစ် ဈေးနှုန်းဖြင့် ကာလတူ နှိုင်းယှဉ်ပါက ဧရာဝတီပေါ်ဆန်စပါး ၁တင်း ကျပ် ၅၅၀၀ ဆန်တစ်အိတ်ကျပ် ၂၅၀၀၀၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၅၀၀၀ ဆန်တစ်အိတ်ကျပ် ၂၀၀၀၀၊ ရွှေသွယ်စပါး ၁တင်းကျပ် ၄၀၀၀  ဆန် တစ်အိတ်ကျပ် ၁၅၀၀၀ နှင့် မနောသုခမျိုးပွားစပါး၁တင်းကျပ် ၃၅၀၀ ဆန် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပုသိမ်မြို့ရှိ ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)