Main menu

ဈေးကောင်းရနေတဲ့ဧရာရေထွက်ပုဇွန်ဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့် နီးကပ်လျှက်ရှိသော သက္ကသောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြားပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းကျေးရွာ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ ကျေးရွာများ၊ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန် ပုဇွန်များကိုဖမ်းဆီးလျက်ရှိပြီး ပုသိမ်ဈေးကွက်သို့လာရောက် ရောင်းချလျက် ရှိကြောင်းဈေးကွက်မှ သိရသည်။

          ပုသိမ်ဈေးကွက်တွင် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ဂရမ် ၂၅၀အထက် ပုဇွန်ဈေးမှာ ၁ပိဿာ ၈၅၀၀၀ကျပ်၊ ဂရမ် ၂၀၀အထက် ဈေးမှာ ၁ပိဿာ ၆၅၀၀ကျပ်ဈေးနှင့် ဂရမ် ၅၀ မှ၁၀၀ အတွင်း ၅၀၀၀၀/၆၀၀၀၀ ကျပ်ဈေးနှုန်း ဝန်းကျင် ပုဇွန်အရွယ်အစားအလိုက် ၂၀၀၀၀/၄၀၀၀ရ ကျပ်အတွင်းရှိ ပုဇွန်များကိုလည်း ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရသည်။

          ပုသိမ်ဈေးကွက်မှ ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချမှုမရှိဘဲ ရန်ကုန်မြို့ရှိ စံပြဈေး၊ ရွှေပိတောက်ပါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချလျှက်ရှိပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ကုမ္ပဏီများ၊အဝယ်တော်များမှ ရန်ကုန်မြို့ရှိ ဂရမ် ၂၀၀အထက်နှင့် ဂရမ် ၂၅၀ အထက် ပုဇွန်များကို အဆိုပါဈေးများတွင် လာရောက်ဝယ်ယူလျှက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော ယိုးဒယား၊ စင်္ကာပူ၊ အာရှမှာ ဂျဒပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်ဈေးကွက်မှရေထွက်ပစ္စည်း များရောင်းချရာတွင် ရန်ကုန်မြို့ရှိ အဝယ် နိုင်ငံများမှ ဖွင့်လှစ်သောဈေးနှုန်းဖြင့် သာရောင်းချရပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ပို့သော ကုမ္ပဏီ များမှလည်း အရည်အသွေး၊ ဝယ်လိုအား၊ ဈေးကွက်ပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ် ရကြောင်း ပုသိမ်မြို့ ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)