
(၁၃.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် သန့်စင်စတိုးမှ ဦးဟိန်းမင်းဇော်မှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော ကလေးအာဟာရတံဆိပ်အမျိုးမျိုးမှာ Golden Power၊ Ridielac၊ Cubbe၊ PoPo၊ Edison Supuie Sone တို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်း လမ်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
