
မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ ပြည်တွင်းစားသုံးမှု များပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက် ၃တင်းဝင်တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ် နှင့် ၃၃၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၅၄၉၄ ကျပ်နှင့်၅၆၆၅ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင် နှစကာလတူပေါက်စေျးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာ လျှင် ၄၉၇၉ကျပ်နှင့် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
