Main menu

မန္တလေးစျေးကွက်ရှိပန်းဂေါ်ဖီစိမ်း

Powered by Drupal

  မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ  ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများဝင်ရောက်မှုများ ပြားလှျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုမို ရရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယ ပတ်အတွင်း ပန်းဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချ သည့် သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့်ပန်းဂေါ်ဖီ စိမ်းကားဝင်ရောက်မှုမှာ နေ့စဉ် တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)