Main menu

“ သုံးခွမြို့နယ်တွင်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်စပ်လျဉ်း၍ အသိပညပေး Talk Show ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          အဆိုပါ အသိပညာပေး Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သင့်ကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့်အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံစွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်အား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ အင်တာနက်ဝယ်ယူ အသုံးပြုသည့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ကြော်ငြာထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)